Consumer Healthcare Sector

မနေ့က မိုးအေးတော့ ကျနော် နည်းနည်းဖျားချင်ချင် ဖြစ်နေလို့ Tylenol တလုံးသောက်ပြီး အိပ်သွားတယ်ဗျ။ နိုးလာတော့ Tylenol ကို ဘယ်ကုမ္ပဏီက ထုတ်တာလဲဆိုပြီး စပ်စုကြည့်တော့ Johnson & Johnson ဗျ။


November 2021 တုန်းက Johnson & Johnson ကုမ္ပဏီကြီးက သူ့ရဲ့ Consumer health division ကို spin-off လုပ်ပြီး Kenvue, Inc. ဆိုတဲ့ကုမ္ပဏီအသစ်နဲ့ IPO ပြန်တင်ခဲ့တယ်ဗျ။ NYSE: KVUE ပေါ့ဗျာ။ May 2023 မှာ NYSE Stock Exchange မှာ စတွေ့ခဲ့တယ်ဗျ။

J&J ရဲ့ consumer health division ဆိုတော့ သူ ပိုင်တဲ့ brands တွေက အများကြီးပဲ၊ Aveeno, Band-Aid, Benadryl, Johnson's Baby, Listerine, Mylanta, Neutrogena, Tylenol, Visine စသဖြင့်ပေါ့၊ ကျနော် သိတာဆိုလို့ ဓါးရှရင် ကပ်တဲ့ ပလာစတာ (Band-Aid)၊ ကလေးတွေသုံးတဲ့ Lotion (Johnson's Baby)၊ ခံတွင်းသန့်ရှင်းရေး လုပ်တဲ့ အရည် (Listerine)၊ ဖျားရင် သောက်တဲ့ ‌ဆေး (Tylenol) ပဲဗျ။

Annual Dividend က တနှစ်ကို $0.80 ပေးမယ်ဆိုပဲ၊ Dividend Yield 3.75% လောက်ပေါ့ဗျာ။
https://www.nasdaq.com/marke.../stocks/kvue/dividend-history

Consumer Healthcare ကုမ္ပဏီဆိုတော့ Tech ကုမ္ပဏီတွေလိုတော့ စတော့ဈေးအများကြီး တက်လာမှာ မဟုတ်ဘူး။ အမြတ်ငွေ (Dividend) ထိုင်ကောက်ဖို့အတွက် ဝယ်မယ်ဆိုရင်တော့ မဆိုးပါဘူး၊ ကောင်းတယ်လို့လဲ မဟုတ်ဘူး။ Consumer Healthcare Sector ကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် ဆရာဝန် ဆေးလက်မှတ် မလိုပဲ ဆေးဆိုင်မှာ ဝယ်လို့ရတဲ့ Over-the-counter (OTC) medications တွေ ဖြစ်တဲ့ "Pain relief", "Vitamins and Minerals", "Cough, Cold, Sore throat", "Gastrointestinal", "Skin Health", "Smoking Cessation", "Hayfever", "Eye Care", "Sleeping aids" စသဖြင့် products တွေ အများကြီးပဲဗျ။ နောက်ပြီး ကိုယ်ဝန် ရှိ/မရှိတိုင်းတဲ့ pregnancy tests, သွေးပေါင်ချိန်စက် (blood pressure monitors)၊ အပူတိုင်းတဲ့ ပြဒါးတိုင် (thermometers)၊ ဆီးချိုသွေးချိုစက် (glucometers) ဒါတွေလဲ ပါသေးတယ်ဗျ။ ဒါ့အပြင် Health and wellness services တွေလဲ ပါသေးတယ်ဗျ။ ဖြည့်စွက်စာလိုဟာတွေလဲ ပါတယ်ဗျ။

ဒီ Sector က တဖြေးဖြေး ကြီးထွားနေတယ်ဗျ၊ 2023 မှာ market size က US$ 300 Billions, 6.35% YoY Growth rate of 2023, 7.84% CAGR for 2022-2027 ဆိုပြီး report တွေမှာ ဖတ်ရတယ်ဗျ။ North America, Europe, Asia-Pacific, Latin America, and Middle East & Africa တွေထဲမှာ North America Region က ရောင်းအားအကောင်းဆုံး၊ ပိုက်ဆံအသုံးဆုံးဆိုတာ တွေ့ရတယ်ဗျ။

Consumer Healthcare sector က လုံးဝ recession-proof တော့ မဟုတ်ပါဘူး။ စီးပွါးရေးကျတဲ့ ကာလမှာဆိုရင် လူတွေက အခြေခံ ကျန်းမာရေးအတွက်တော့ ငွေသုံးလိမ့်မယ်ဗျ၊ ဈေးကြီးတဲ့ ဆေးတွေကို မသုံးပဲ အလားတူ ဈေးသက်သာတဲ့ generic drugs တွေတော့ သုံးမှာဗျ။ recession ဝင်လာရင် ဒီ Sector အောက်က products တွေထဲမှာ generic drugs တွေနဲ့ OTC pain relievers ရောင်းအားကတော့ ပုံမှန်ပဲလို့ သိရှိရပါတယ်။ တခြားဟာတွေကတော့ ရောင်းအားကျလေ့ရှိပါတယ်ဗျ။

ဒီ $KVUE Stock ကို ဝယ်ရင် ကောင်းမလား/မကောင်းလား လေ့လာသုံးသပ်နေတုန်းပါပဲ၊ 2nd Tier Watchlist ထဲ ထည့်ထားတဲ့ stock တခုအကြောင်း ပြောပြတာပါဗျ။ ကျနော့်အတွက် ဝယ်ရမယ့် ဦးစားပေး Stock တခု မဟုတ်တဲ့အတွက် ဝယ်ဖြစ်ရင်လဲ နည်းနည်းချင်းစီပဲ ဝယ်ထည့်မှာပါ။ အပျော်ပေါ့။ KVUE Stock တွေဝယ်ပြီး ရတဲ့ Dividend ငွေနဲ့ ဖျားရင် သောက်တဲ့ (Tylenol) ဆေးဖိုး၊ ခံတွင်းသန့်ရှင်းရေး လုပ်တဲ့ အရည် (Listerine) ဖိုးလောက်တော့ ပေးနိုင်လောက်မှာပါ။

မင်းသုအောင်
-------------------------------------------------
မည်သည့် ဝန်ဆောင်မှုမှ မပေးပါ၊ သင်တန်း မပေးပါ၊ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး မတောင်းခံပါ။ စတော့မားကက် အကြောင်း ဗဟုသုတအဖြစ် ဝေမျှခြင်း ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် မည်သည့် တာဝန်မှ မယူပါ။ သေချာလေ့လာပြီးမှ ရောင်းဝယ်စေချင်ပါသည်။ ကျနော်လည်း လေ့လာနေဆဲ Stock Trader တဦးသာ ဖြစ်သည်။
-------------------------------------------------

Comments

Popular posts from this blog

၂၀၂၄ မှာ ဘာတွေ ဝယ်ကြမလဲ၊ အပိုင်း (၁)

Coffee Can Investing Strategy