Coffee Can Investing Strategy

Coffee Can Investing Strategy


Coffee Can Investing ဆိုတာက high-quality stocks တွေကို ဝယ်ထားပြီး ပြန်မရောင်းပဲ နှစ်ရှည် ရင်းနှီးမြှုပ်နှံတဲ့ နည်းဗျူဟာပါဗျ။ အချိန်အားဖြင့် အနည်းဆုံး (၅) နှစ်နဲ့ အထက် ကြာမြင့်နိုင်ပါတယ်ဗျ။ ဈေးတက်တက်၊ ကျကျ ဂရုမစိုက်ပဲ ဝယ်ပြီး ပစ်ထားလိုက်တဲ့ သဘောပါပဲ။ အမြတ်ငွေ (Dividends) ခွဲပေးတဲ့ Stocks တွေကို ဝယ်ထားမယ်၊ လစဉ်/သုံးလတခါ အမြတ်ငွေခွဲပေးတဲ့အခါ ပြန်ပြီး ရင်းနှီးမြှုပ်နှံမယ် (Re-invest) လုပ်ဖို့တော့ လိုပါတယ်ဗျ။ အချိန်ကြာလေ ကိုယ့်မှာ Stocks တွေ ပိုများလာမယ်၊ Stocks အရေအတွက် ပိုများလာတဲ့အတွက် အမြတ်ငွေ ခွဲပေးတဲ့အခါလဲ ပိုပြီး ရလာမှာပါ။ ကိုယ့်ရဲ့ broker က Re-invest feature လုပ်ပေးနိုင်ဖို့တော့ လိုပါတယ်၊ မလုပ်ပေးနိုင်ဘူးဆိုရင်လဲ လစဉ် အမြတ်ငွေရတဲ့အခါ ကိုယ့်ဘာသာ ပြန်ဝယ်ထည့်ပါ။

Coffee Can Investing လုပ်မယ်ဆိုရင် high-quality stocks တွေကို ရွေးချယ်ရပါမယ်ဗျ၊ ဘဏ္ဍာရေးတောင့်တင်းရမယ်၊ တခြားပြိုင်ဘက်တွေထက် ပိုကောင်းတဲ့ အားသာချက်တွေ ရှိရမယ်၊ နှစ်စဉ် ကုမ္ပဏီက ဝင်ငွေ၊ အမြတ်အစွန်း၊ ရောင်းအား တိုးတက်လာတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံရပါမယ်ဗျ။ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ဈေးတိုးလိုက်လဲ ဝယ်ယူသူတွေက ပေးနိုင်တဲ့ အနေအထားမျိုးလဲ ဖြစ်ရမယ်ဗျ။ ဥပမာ - Apple Inc. က Apple Phone တွေက ဈေးမပေါပါဘူး။ iPhone ဈေးကို တိုးလိုက်ရင် ဝယ်လိုအား နည်းနည်းလျော့သွားပေမယ့် ဈေးတိုးလဲ ဝယ်ကြမှာပါ။ Google ကုမ္ပဏီဆိုလဲ သူ့ရဲ့ Gmail, YouTube စသဖြင့် service fee တွေ တိုးလိုက်ရင်လဲ ဝယ်သုံးနေကြအုံးမှာပါပဲ။ တချို့ကုမ္ပဏီတွေကျတော့ ထုတ်ကုန်တွေကို ဈေးတိုးလိုက်ရင် မဝယ်ကြတော့ပါဘူး။ ဒါမျိုးတွေဆိုရင် မရွေးချယ်သင့်ပါဘူး။

နောက်တချက်က အနာဂတ်မှာ ကုမ္ပဏီရဲ့ အနေအထားက ကြီးပွါးတိုးတက်လာနိုင်ချေ ရှိလားဆိုတာပါပဲ။ Growth potential မရှိတဲ့ ကုမ္ပဏီတွေကို မရွေးသင့်ပါဘူး။

ကုမ္ပဏီရဲ့ အုပ်ချုပ်သူ Management Team ကရော အရည်အချင်း ပြည့်မှီရဲ့လားဆိုတာကိုလဲ စစ်ဆေးရမှာပါ၊ Management မကောင်းတဲ့ ကုမ္ပဏီတွေကို မရွေးသင့်ပါဘူး။

ကုမ္ပဏီရဲ့ တန်ဖိုး (Valuation) ကိုလဲ လုပ်ရပါမယ်ဗျ၊ fundamental analysis လုပ်ရပါမယ်ဗျ။ တခါတလေ Stock ဈေးက တအားမြင့်နေတတ်ပါတယ်ဗျ၊ intrinsic value ကို သိမယ်ဆိုရင် ဝယ်သင့်/မဝယ်သင့် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ရေတို ဈေးအတက်အကျကြောင့် စိတ်အပြောင်းအလဲဖြစ်ပြီး အရောင်းအဝယ် မလုပ်ရပါဘူး။ တက်တက်၊ ကျကျ ဘာမှမလုပ်ပဲ ကိုင်ထားပြီး ကိုယ့်ရဲ့ ငွေတိုးပွါးလာအောင် ထိုင်စောင့်နေရုံပါပဲ။ high-quality stocks တွေကို ရွေးချယ်ထားတာ ဖြစ်တဲ့အတွက် သူတို့အလုပ် သူတို့ အကောင်းဆုံး လုပ်ပါလိမ့်မယ်။ ဒီလို ဝယ်ယူတဲ့အခါ Stock တမျိုးထဲကိုပဲ မဝယ်ပဲ တခြား Stocks တွေကို Diversification လုပ်ရပါမယ်ဗျ။ Coffee Can Investing portfolio အတွက် Stock ၁၀ မျိုးကနေ အခု ၃၀ အထိ ရွေးချယ်ရမှာပါ။ မတူညီတဲ့ Stock Sectors တွေကိုလဲ ရွေးချယ်ရပါမယ်ဗျ။ တခါတလေ ကိုယ် ရွေးချယ်လိုက်တဲ့ Stocks က အနာဂတ်မှာ ဂိန်သွားတာမျိုးလဲ ဖြစ်နိုင်ပါတယ်ဗျ၊ ဒါ့ကြောင့် Diversification လုပ်ကိုလုပ်ရပါမယ်။

သတိထားရမှာက Coffee Can Investing ဆိုတာက လူတိုင်းအတွက် မဟုတ်ပါဘူး၊ အချိန်အားဖြင့် အနည်းဆုံး ၅ နှစ်နဲ့ အထက် လိုပါတယ်ဗျ။ ကိုယ်က အနာဂတ် ငါးနှစ်အတွင်း ငွေသုံးစရာ ရှိတယ်ဆိုရင် ဒီနည်းဗျူဟာကို မရွေးချယ်သင့်ပါဘူးဗျ။ Coffee Can Investing လုပ်တဲ့အခါ ရေတို ဈေးအတက်အကျကို ဂရုမစိုက်ပါနဲ့၊ လျစ်လျူရှုထားလိုက်ပါ၊ ဝယ်ပြီး ပစ်ထားလိုက်ပါ။

individual stocks တွေ မရွေးချင်ဘူး၊ အန္တရာယ်များတယ်လို့ ထင်ရင်လဲ ETF တွေနဲ့ Three-fund portfolio ဆောက်လို့ ရပါတယ်ဗျ။

Ratio အရတော့ ဒါမျိုးတွေ လုပ်ကြတယ်ဗျ။

60% U.S. Stocks
20% International Stocks
20% U.S. Bonds

ကျနော်ကတော့ ETF တွေကို မကြိုက်ဘူး၊ ကိုယ့်ဘာသာပဲ individual stocks တွေ ရွေးချယ်ထားပါတယ်ဗျ။ ကျနော့် portfolio ကတော့ Warren Buffet နဲ့ Bill Gates တို့ရဲ့ Stock portfolio ပေါ်မှာ အခြေခံပြီး ကိုယ်သဘောကျတဲ့ Stocks တွေကို ရွေးထားတာပါဗျ။

3M Company (MMM)
Abbott Laboratories (ABT)
AbbVie Inc. (ABBV)
Alphabet Inc. (GOOGL)
Amazon com, Inc. (AMZN)
American Express Company (AXP)
Anheuser-Busch Inbev SA (BUD)
Apple Inc. (AAPL)
Automatic Data Processing Inc. (ADP)
Bank of America Corp (BAC)
Capital One Financial (COF)
Caterpillar Inc. (CAT)
Chevron Corporation (CVX)
Cisco Systems Inc. (CSCO)
Citigroup Inc. (C)
Coca-Cola Co (KO)
Costco Wholesale Corporation (COST)
Dbs Group Holdings ADR (DBSDY)
Diageo plc (DEO)
Ecolab Inc. (ECL)
Eli Lilly and Co (LLY)
HEINEKEN NV (HEINY)
Home Depot Inc. (HD)
Intuitive Surgical, Inc. (ISRG)
Johnson & Johnson (JNJ)
JPMorgan Chase & Co (JPM)
Kraft Heinz Co (KHC)
Lockheed Martin Corp (LMT)
Lowe's Companies Inc (LOW)
McDonald's Corp (MCD)
Medtronic PLC (MDT)
Merck & Co Inc. (MRK)
Microsoft Corp (MSFT)
Nike Inc (NKE)
Northrop Grumman Corp (NOC)
Occidental Petroleum Corporation (OXY)
PepsiCo, Inc. (PEP)
Pfizer Inc. (PFE)
Procter & Gamble Co (PG)
Realty Income Corp (O)
Rtx Corp (RTX)
Stryker Corp (SYK)
UnitedHealth Group Inc. (UNH)
US Bancorp (USB)
Waste Management, Inc. (WM)
Wells Fargo & Co (WFC)

လူတိုင်းမှာ မတူညီတဲ့ ဝင်ငွေ၊ စုဆောင်းငွေ၊ အသက်အရွယ် မတူတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ Stocks တွေကို ရွေးချယ်တဲ့အခါ တယောက်နဲ့ တယောက် အမြင်တူမှာ မဟုတ်ပါဘူး။ ဂုရုကြီး Peter Lynch ပြောဖူးတဲ့ စကားတခွန်းရှိတယ်ဗျ။ "Know what you own, and know why you own it."

မင်းသုအောင်
-------------------------------------------------
မည်သည့် ဝန်ဆောင်မှုမှ မပေးပါ၊ သင်တန်း မပေးပါ၊ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး မတောင်းခံပါ။ စတော့မားကက် အကြောင်း ဗဟုသုတအဖြစ် ဝေမျှခြင်း ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် မည်သည့် တာဝန်မှ မယူပါ။ သေချာလေ့လာပြီးမှ ရောင်းဝယ်စေချင်ပါသည်။ ကျနော်လည်း လေ့လာနေဆဲ Stock Trader တဦးသာ ဖြစ်သည်။
-------------------------------------------------

Comments

Popular posts from this blog

၂၀၂၄ မှာ ဘာတွေ ဝယ်ကြမလဲ၊ အပိုင်း (၁)

Consumer Healthcare Sector