၂၀၂၄ မှာ ဘာတွေ ဝယ်ကြမလဲ၊ အပိုင်း (၁)

 ၂၀၂၄ မှာ ဘာတွေ ဝယ်ကြမလဲ၊ အပိုင်း (၁)

၂၀၂၄ မှာ အမေရိကန်စတော့ဈေးကွက်ရဲ့ ဘယ်လို Topic တွေက ဟော့မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ၊ မနှစ်က ၂၀၂၃ တုန်းကတော့ OpenAI ကုမ္ပဏီက ထုတ်တဲ့ ChatGPT နဲ့အတူ Artificial Intelligence (AI) ဟာ ကျနော်တို့ သာမန်လူတွေနားကို ရောက်လာခဲ့ပါပြီ။ AI ကို မေးချင်တာမေးလို့ရတယ်၊ အကြောင်းအရာပြောပြီး ရေးခိုင်းချင်တာ ရေးခိုင်းလို့ရတယ်၊ ပုံတွေ ဖန်တီးခိုင်းလို့ ရတယ်၊ သီချင်းတွေ ဖန်တီးခိုင်းလို့ ရတယ်၊ ရုပ်ရှင်တောင် ရိုက်ခိုင်းလို့ရတယ်ဗျ၊ သိပ်တော့အဆင်မပြေသေးဘူးပေါ့လေ။ AI စနစ်တခုဖန်တီးဖို့ Hardware နဲ့ Software ဆိုပြီး နှစ်ပိုင်းရှိတယ်ဗျ။

Hardware နဲ့ ပတ်သက်ရင် Nvidia ($NVDA) ကတော့ ထိပ်ဆုံးက ဆရာကြီးပဲဗျ။ AI Chips တွေအတွက် လက်ရှိဈေးကွက်ထဲမှာ Nvidia Chips တွေက အကောင်းဆုံးပဲဗျ။ သူ့ရဲ့ မဟာပြိုင်ဘက် AMD, Arms, Broadcom, Qualcomm, ASML တို့ကလဲ နောက်ကျခံမှာမဟုတ်ဘူး၊ အပြိုင်လိုက်ထုတ်မှာပဲ။ တခြား ကျနော်မသိတဲ့ Chips ကုမ္ပဏီတွေလဲ အများကြီးပဲဗျ။

AI Software နဲ့ပတ်သက်ရင် Palantir, Adobe, Microsoft, Amazon, IBM, Google, Snowflake, OpenAI, C3 AI, Salesforce, Baidu, Tesla, Meta စသဖြင့် အများကြီးပဲဗျ။ ဒီနှစ်မှာ AI Cloud Software တွေက ပိုကောင်းလာမယ့်သဘောရှိတယ်ဗျ၊ လက်တွေ့ စီးပွါးရေးအရ အသုံးချလို့ရမယ့် ပုံစံဖြစ်လာမှလဲ ငွေဝင်မှာကိုး။

AI နဲ့ အတူ ကပ်လိုက်လာမယ့်နည်းပညာက quantum နည်းပညာပဲဗျ။ ကျနော်တို့ လက်ရှိသုံးနေတဲ့ Computer Chips တွေထက် အများကြီးပိုမြန်တဲ့ quantum computer တွေကို တည်ဆောက်နေကြပါပြီ။

IONQ (NYSE:IONQ)
MICROSOFT (NASDAQ:MSFT)
ALPHABET (NASDAQ:GOOGL) (NASDAQ:GOOG)
NVIDIA (NASDAQ:NVDA)
INTEL (NASDAQ:INTC)
HONEYWELL (NASDAQ:HON)
IBM (NYSE:IBM)
FORMFACTOR (NASDAQ:FORM)

ဒါ့အပြင် Humanoid robots တွေလဲ ထွက်လာနိုင်တယ်ဗျ။ McDonald ဘာဂါဆိုင်ကြီးက Robots တွေနဲ့ ကြော်လှော်ချက်ပြုတ်ပြီး ရောင်းချပေးနိုင်တဲ့ဆိုင်တခု Texas ပြည်နယ်မှာ စဖွင့်တာ သတိထားမိမှာပါ။ တခြားကုန်ထုတ်လုပ်ငန်းတွေမှာလဲ Humanoid robots နည်းပညာတွေ အများကြီးထွက်လာနိုင်ပါသေးတယ်ဗျ။

ကုမ္ပဏီသေးသေးလေးတွေက Research and Development (R&D) သုတေသနလုပ်ဖို့အတွက် ပိုက်ဆံသုံးရင်း အရင်းပြုတ်သွားမျိုး ဖြစ်လေ့ရှိပါတယ်ဗျ။ ကုမ္ပဏီကြီးတွေကတော့ တနှစ် ဘီလျံနဲ့ချီပြီး ငွေဝင်နေသလို လက်ထဲမှာလဲ ငွေအလုံအလောက်ရှိတဲ့အတွက် ရေရှည်ရပ်တည်ဖို့ မခက်ပါဘူး။ risks and rewards သဘောအရ ကုမ္ပဏီသေးသေးလေးတွေရဲ့ Stocks တွေကို ဝယ်ထားရင် ဒေဝါလီခံရပြီး ကိုယ့်ငွေပလုံသွားတာမျိုး ဖြစ်နိုင်သလို အဆထောင်နဲ့ သောင်းနဲ့ ချီပြီးလဲ အမြတ်အစွန်း ရနိုင်ပါတယ်ဗျ။ အနာဂတ်ကို ဘယ်သူမှ ကြိုမသိနိုင်ဘူး။

မဝေးတော့တဲ့ အနာဂတ်မှာ AI, Quantum, Blockchain, Genetics နည်းပညာတွေက သေချာပေါက် ထွန်းကားလာတော့မှာပါ။

ကျနော်က Programmer တယောက် မဟုတ်သလို နည်းပညာနယ်ပယ်ထဲက လူလဲ မဟုတ်ပါဘူး။ ကျနော့်ထက် ပိုပြီး သိတတ်တဲ့သူတွေလဲ ရှိပါတယ်ဗျ။ ကျနော်ကတော့ ကျနော်သိနားလည်သလောက် Knowledge နဲ့ ချဉ်းကပ်တာပါ။ ကိုယ့်မှာ ရှိတဲ့ အရင်းအနှီးနဲ့ ကိုယ် ဆုံးရှုံးခံနိုင်တဲ့ ပမာဏပေါ်မူတည်ပြီး ဘယ်လိုစတော့တွေ ဝယ်မလဲဆိုတာ ဆုံးဖြတ်ရမှာပါ၊ တယောက်နဲ့ တယောက်တော့ အမြင်တူမှာမဟုတ်ပါဘူး။

ကျနော့်သဘောကတော့ Microsoft, Amazon, Google, Apple Stocks တွေကို ဈေးကျတိုင်း ဝယ်ထည့်မယ်ဗျာ။ Long-term အတွက် ဝယ်စုလက်စလဲ ဖြစ်နေလို့ ဆက်ဝယ်ထည့်မှာပါ။ ကိုယ် အဆုံးရှုံးခံနိုင်တဲ့ ပမာဏလောက်ကို ကုမ္ပဏီသေးသေးလေးတွေရဲ့ Stocks တွေကို ဝယ်ထားမယ်ဗျာ၊ နောက် ၅-၁၀ နှစ်လောက် ပစ်ထားလိုက်မယ်။ အရေးမကြီးဘူး၊ သူဌေးဖြစ်၊ ခွေးဖြစ်ပေါ့။

တခုသတိထားရမှာက AI stocks တွေက Hype ပြီးသွားပါပြီ၊ ဈေးအမြင့်ဆုံး အနေအထားကို ရောက်နေကြပြီဗျ၊ ဈေးကွက်အနေအထားအရ ဈေးပြန်ကျမယ့် အရိပ်အယောင်ရှိတယ်ဗျ။ ဝယ်မယ်ဆိုရင်တော့ Fundamental analysis, Technical Analysis သေချာလုပ်ပါဗျ။

မင်းသုအောင်
-------------------------------------------------
မည်သည့် ဝန်ဆောင်မှုမှ မပေးပါ၊ သင်တန်း မပေးပါ၊ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး မတောင်းခံပါ။ စတော့မားကက် အကြောင်း ဗဟုသုတအဖြစ် ဝေမျှခြင်း ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုများအတွက် မည်သည့် တာဝန်မှ မယူပါ။ သေချာလေ့လာပြီးမှ ရောင်းဝယ်စေချင်ပါသည်။ ကျနော်လည်း လေ့လာနေဆဲ Stock Trader တဦးသာ ဖြစ်သည်။
------------------------------------------------- 



Comments

Popular posts from this blog

Consumer Healthcare Sector

Coffee Can Investing Strategy