Consumer Healthcare Sector
မနေ့က မိုးအေးတော့ ကျနော် နည်းနည်းဖျားချင်ချင် ဖြစ်နေလို့ Tylenol တလုံးသောက်ပြီး အိပ်သွားတယ်ဗျ။ နိုးလာတော့ Tylenol ကို ဘယ်ကုမ္ပဏီက ထုတ်တာလဲဆိုပြီး စပ်စုကြည့်တော့ Johnson & Johnson ဗျ။ November 2021 တုန်းက Johnson & Johnson ကုမ္ပဏီကြီးက သူ့ရဲ့ Consumer health division ကို spin-off လုပ်ပြီး Kenvue, Inc. ဆိုတဲ့ကုမ္ပဏီအသစ်နဲ့ IPO ပြန်တင်ခဲ့တယ်ဗျ။ NYSE: KVUE ပေါ့ဗျာ။ May 2023 မှာ NYSE Stock Exchange မှာ စတွေ့ခဲ့တယ်ဗျ။ J&J ရဲ့ consumer health division ဆိုတော့ သူ ပိုင်တဲ့ brands တွေက အများကြီးပဲ၊ Aveeno, Band-Aid, Benadryl, Johnson's Baby, Listerine, Mylanta, Neutrogena, Tylenol, Visine စသဖြင့်ပေါ့၊ ကျနော် သိတာဆိုလို့ ဓါးရှရင် ကပ်တဲ့ ပလာစတာ (Band-Aid)၊ ကလေးတွေသုံးတဲ့ Lotion (Johnson's Baby)၊ ခံတွင်းသန့်ရှင်းရေး လုပ်တဲ့ အရည် (Listerine)၊ ဖျားရင် သောက်တဲ့ ဆေး (Tylenol) ပဲဗျ။ Annual Dividend က တနှစ်ကို $0.80 ပေးမယ်ဆိုပဲ၊ Dividend Yield 3.75% လောက်ပေါ့ဗျာ။ https://www.nasdaq.com/marke.../stocks/kvue/dividend-history Consumer Healthcare ကုမ္ပဏီဆိုတော့ Tech ကုမ္ပဏီတွေလိုတော့ စတေ...