Posts

Consumer Healthcare Sector

Image
မနေ့က မိုးအေးတော့ ကျနော် နည်းနည်းဖျားချင်ချင် ဖြစ်နေလို့ Tylenol တလုံးသောက်ပြီး အိပ်သွားတယ်ဗျ။ နိုးလာတော့ Tylenol ကို ဘယ်ကုမ္ပဏီက ထုတ်တာလဲဆိုပြီး စပ်စုကြည့်တော့ Johnson & Johnson ဗျ။ November 2021 တုန်းက Johnson & Johnson ကုမ္ပဏီကြီးက သူ့ရဲ့ Consumer health division ကို spin-off လုပ်ပြီး Kenvue, Inc. ဆိုတဲ့ကုမ္ပဏီအသစ်နဲ့ IPO ပြန်တင်ခဲ့တယ်ဗျ။ NYSE: KVUE ပေါ့ဗျာ။ May 2023 မှာ NYSE Stock Exchange မှာ စတွေ့ခဲ့တယ်ဗျ။ J&J ရဲ့ consumer health division ဆိုတော့ သူ ပိုင်တဲ့ brands တွေက အများကြီးပဲ၊ Aveeno, Band-Aid, Benadryl, Johnson's Baby, Listerine, Mylanta, Neutrogena, Tylenol, Visine စသဖြင့်ပေါ့၊ ကျနော် သိတာဆိုလို့ ဓါးရှရင် ကပ်တဲ့ ပလာစတာ (Band-Aid)၊ ကလေးတွေသုံးတဲ့ Lotion (Johnson's Baby)၊ ခံတွင်းသန့်ရှင်းရေး လုပ်တဲ့ အရည် (Listerine)၊ ဖျားရင် သောက်တဲ့ ‌ဆေး (Tylenol) ပဲဗျ။ Annual Dividend က တနှစ်ကို $0.80 ပေးမယ်ဆိုပဲ၊ Dividend Yield 3.75% လောက်ပေါ့ဗျာ။ https://www.nasdaq.com/marke.../stocks/kvue/dividend-history Consumer Healthcare ကုမ္ပဏီဆိုတော့ Tech ကုမ္ပဏီတွေလိုတော့ စတေ

Low Risk, High Return

Image
Trade တာပဲ ဖြစ်ဖြစ်၊ Invest လုပ်တာပဲ ဖြစ်ဖြစ် ကိုယ် ရင်းထားတဲ့ငွေနဲ့ ပြန်ရမယ့် အမြတ်ကို Risks & Return အမျိုးအစား (၄) မျိုးခွဲခြားနိုင်တယ်ဗျ။ Low Risk, Low Return Low Risk, High Return High Risk, Low Return High Risk, High Return ကျနော်တို့ လူငယ် အများစုက Low Risk, Low Return ကို သိပ်စိတ်မဝင်စားကြပါဘူး၊ မြန်မြန် ကြီးပွါးချမ်းသာချင်ကြတယ်ဗျ။ ဆိုတော့ Savings accounts, money market accounts, certificates of deposit (CDs) လို့ ခေါ်တဲ့ fix deposits account တွေထဲမှာ ငွေမစုချင်ကြဘူး၊ ဒီဟာတွေက ကိုယ့်ငွေထည့်ထားရင် သတ်မှတ်ထားတဲ့ အချိန်မှာ အတိုးပြန်ရဖို့ သေချာသလောက်ရှိတယ်ဗျ၊ Risk Zero တော့ မဟုတ်ဘူး၊ ဘဏ်ပြိုတာ ဘာညာလဲ ဖြစ်နိုင်သေးတယ်ဗျ။ အကြမ်းဖျင်း ဘဏ်တိုး တနှစ်ကို 5% လောက် ပေးကြပါတယ်။ ဥပမာ - 100,000$ ငွေစုထားရင် တနှစ်ကုန်တဲ့အခါ 105,000$ ရမှာပေါ့။ တဘဏ်နဲ့ တဘဏ် အတိုးနှုန်း မတူတဲ့အတွက် အတိအကျ မဟုတ်ဘူးဗျ။ ကျနော်တို့ လူငယ်တွေက Short-term US government bonds တွေကိုလဲ မဝယ်ချင်ကြဘူးဗျ၊ US အစိုးရက ငွေတိုက်စာချုပ်တွေ ထုတ်ပြီး ငွေချေးလေ့ရှိတယ်ဗျ၊ US အစိုးရက ငါတို့ အတိုးမပေးဘူးဟေ့ဆိုတာမျိုး ဖြစ်ဖို့တော်တော

၂၀၂၄ မှာ ဘာတွေ ဝယ်ကြမလဲ၊ အပိုင်း (၁)

Image
  ၂၀၂၄ မှာ ဘာတွေ ဝယ်ကြမလဲ၊ အပိုင်း (၁) ၂၀၂၄ မှာ အမေရိကန်စတော့ဈေးကွက်ရဲ့ ဘယ်လို Topic တွေက ဟော့မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ၊ မနှစ်က ၂၀၂၃ တုန်းကတော့ OpenAI ကုမ္ပဏီက ထုတ်တဲ့ ChatGPT နဲ့အတူ Artificial Intelligence (AI) ဟာ ကျနော်တို့ သာမန်လူတွေနားကို ရောက်လာခဲ့ပါပြီ။ AI ကို မေးချင်တာမေးလို့ရတယ်၊ အကြောင်းအရာပြောပြီး ရေးခိုင်းချင်တာ ရေးခိုင်းလို့ရတယ်၊ ပုံတွေ ဖန်တီးခိုင်းလို့ ရတယ်၊ သီချင်းတွေ ဖန်တီးခိုင်းလို့ ရတယ်၊ ရုပ်ရှင်တောင် ရိုက်ခိုင်းလို့ရတယ်ဗျ၊ သိပ်တော့အဆင်မပြေသေးဘူးပေါ့လေ။ AI စနစ်တခုဖန်တီးဖို့ Hardware နဲ့ Software ဆိုပြီး နှစ်ပိုင်းရှိတယ်ဗျ။ Hardware နဲ့ ပတ်သက်ရင် Nvidia ($NVDA) ကတော့ ထိပ်ဆုံးက ဆရာကြီးပဲဗျ။ AI Chips တွေအတွက် လက်ရှိဈေးကွက်ထဲမှာ Nvidia Chips တွေက အကောင်းဆုံးပဲဗျ။ သူ့ရဲ့ မဟာပြိုင်ဘက် AMD, Arms, Broadcom, Qualcomm, ASML တို့ကလဲ နောက်ကျခံမှာမဟုတ်ဘူး၊ အပြိုင်လိုက်ထုတ်မှာပဲ။ တခြား ကျနော်မသိတဲ့ Chips ကုမ္ပဏီတွေလဲ အများကြီးပဲဗျ။ AI Software နဲ့ပတ်သက်ရင် Palantir, Adobe, Microsoft, Amazon, IBM, Google, Snowflake, OpenAI, C3 AI, Salesforce, Baidu, Tesla, Meta စသဖြင့် အများ

Coffee Can Investing Strategy

Image
Coffee Can Investing Strategy Coffee Can Investing ဆိုတာက high-quality stocks တွေကို ဝယ်ထားပြီး ပြန်မရောင်းပဲ နှစ်ရှည် ရင်းနှီးမြှုပ်နှံတဲ့ နည်းဗျူဟာပါဗျ။ အချိန်အားဖြင့် အနည်းဆုံး (၅) နှစ်နဲ့ အထက် ကြာမြင့်နိုင်ပါတယ်ဗျ။ ဈေးတက်တက်၊ ကျကျ ဂရုမစိုက်ပဲ ဝယ်ပြီး ပစ်ထားလိုက်တဲ့ သဘောပါပဲ။ အမြတ်ငွေ (Dividends) ခွဲပေးတဲ့ Stocks တွေကို ဝယ်ထားမယ်၊ လစဉ်/သုံးလတခါ အမြတ်ငွေခွဲပေးတဲ့အခါ ပြန်ပြီး ရင်းနှီးမြှုပ်နှံမယ် (Re-invest) လုပ်ဖို့တော့ လိုပါတယ်ဗျ။ အချိန်ကြာလေ ကိုယ့်မှာ Stocks တွေ ပိုများလာမယ်၊ Stocks အရေအတွက် ပိုများလာတဲ့အတွက် အမြတ်ငွေ ခွဲပေးတဲ့အခါလဲ ပိုပြီး ရလာမှာပါ။ ကိုယ့်ရဲ့ broker က Re-invest feature လုပ်ပေးနိုင်ဖို့တော့ လိုပါတယ်၊ မလုပ်ပေးနိုင်ဘူးဆိုရင်လဲ လစဉ် အမြတ်ငွေရတဲ့အခါ ကိုယ့်ဘာသာ ပြန်ဝယ်ထည့်ပါ။ Coffee Can Investing လုပ်မယ်ဆိုရင် high-quality stocks တွေကို ရွေးချယ်ရပါမယ်ဗျ၊ ဘဏ္ဍာရေးတောင့်တင်းရမယ်၊ တခြားပြိုင်ဘက်တွေထက် ပိုကောင်းတဲ့ အားသာချက်တွေ ရှိရမယ်၊ နှစ်စဉ် ကုမ္ပဏီက ဝင်ငွေ၊ အမြတ်အစွန်း၊ ရောင်းအား တိုးတက်လာတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံရပါမယ်ဗျ။ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို ဈေးတိုးလိ